MYD ရောင်းဝယ်ခြင်း

MYD အရောင်းအဝယ်ပြုလုပ်ခြင်း နည်းလမ်းများ

MYD ရောင်းဝယ်ခြင်း

အင်တာနက်ပေါ်မှာ ရောင်းဝယ်ခြင်းဟာ စစ်ဆေးပြီးသား ယုံကြည်ရတဲ့ third-party ကြားခံ မပါလျှင် အန္တရာယ်ရှိပါတယ်။ Exchange ပေါ် မရောက်ခင်အထိ MYD အသုံးပြုသူများ အရောင်းအဝယ်ပြုလုပ်ရာတွင် အထောက်ပံ့ဖြစ်စေရန် ကျွန်တော်တိုရဲ့ ဗော်လန်တီယာ moderators များက escrow ဝန်ဆောင်မှုများ ပေးသွားမှာပါ။ MYD အရောင်းအဝယ်လုပ်ရန် နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


Escrow မှတစ်ဆင့် ရောင်းဝယ်ခြင်း

Escrow ဆိုတာ ယုံကြည်စိတ်ချရတဲ့ ကြားခံ third party တစ်ခုမှ တည်ထောင်ထားခြင်းဖြစ်ပြီး ရောင်းချမှုရဲ့ အချိုးအစား percentage တစ်ခုယူကာ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ အကယ်၍ တစ်ဘက်က သင့်ထံ ပြန်လည် မလွှဲပေးပါက Escrow အေးဂျင့်မှ သင့်ရဲ့ ပိုင်ဆိုင်မှုကို ပြန်ပေးတဲ့အတွက် စိတ်မချရသူ တစ်ယောက်ထံမှ ဝယ်ယူတဲ့အခါမျိုးမှာ အသုံးဝင်တဲ့ ဝန်ဆောင်မှုပါ။

အန္တရာယ်ကင်းကင်း ရောင်းဝယ်နိုင်ရန် အတွက် Escrow ဝန်ဆောင်မှုကို ဆက်သွယ်ရန် official MYD Discord Server မှ (#trade-myd channel), Telegram channel ဖြစ်တဲ့ (The Myanmar Dollar Trade Hub) နှင့် Facebook Group တို့တွင် ရှာဖွေ မေးမြန်းနိုင်ပါတယ်။ Escrow ဝန်ဆောင်မှု အေးဂျင့်များနှင့် မဆက်သွယ်ခင် ရောင်းလိုသူနှင့် ဝယ်လိုသူ နှစ်ဘက်စလုံးမှ အရောင်းအဝယ်လုပ်မည့် စျေးနှုန်းကို သဘောတူ သတ်မှတ်ထားပေးရပါမယ်။

ထို့နောက် နှစ်ဦးစလုံးမှ ယုံကြည်ရတဲ့ ကြားခံ third-party (admins သိုမဟုတ် moderators များ) ဖြင့် ဆက်သွယ်ကာ ရောင်းဝယ်မှုကို စတင်နိုင်ပါတယ်။ ရောင်းသူနှင့် ဝယ်သူက Escrow အေးဂျင့်၏ လမ်းညွှန်မှုများ အတိုင်းလိုက်နာကာ လုံခြုံစွာသိမ်းထားရန် နှစ်ဘက်စလုံးမှ လွှဲပြောင်းလိုသော ပိုင်ဆိုင်မှုများကို အေးဂျင့်ထံသို့ လွှဲပေးကြရမှာ ဖြစ်တယ်။ လိုအပ်ပါက ရောင်းသူ ဝယ်သူများကို အချိန်သက်သေအဖြစ် အထောက်အထား screenshotများ တောင်းခံပါမယ်။

သတိချပ်ရန်မှာ - ယုံကြည်ရတဲ့ MYD Escrow အေးဂျင့်ကို ငွေလွှဲပြောင်းမှု၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ဝန်ဆောင်ခ ပေးရပါတယ်၊ သို့သော် ငွေလွှဲမှု ပမာဏဘယ်လောက်များများ ၅၀၀၀ကျပ်သာ အများဆုံး ပေးရမှာဖြစ်ပါတယ်။ Escrow အေးဂျင့်များက တော့ MYD ကို အားပေးထောက်ခံသော မြန်မာ့အသေးစား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ဤပရောဂျက် တည်ထောင်သူများမှ ဆောင်ရွက်နေခြင်း မဟုတ်ပါ။

Escrow ဝန်ဆောင်မှုများ ရယူရန် နှင့် escrow အေးဂျင့်များ (moderator များ)ကို ဘယ်လိုရှာဖွေမလဲဆိုတာ ဤရုပ်သံဖိုင်မှာ လမ်းညွှန်ပြထားပါတယ်။

MYD အရောင်းအဝယ်ပြုလုပ်ခြင်း နည်းလမ်းများ


အလွတ်သဘော ရောင်းဝယ်ခြင်း

Escrow အေးဂျင့် မပါဘဲ အရောင်းအဝယ် လုပ်နိုင်ပါတယ်။ အန္တရာယ် ရှိနိုင်တဲ့အတွက် အောက်ပါလမ်းညွှန်ချက်များဖြင့် ဆုံးရှုံးမှုနည်းအောင် လုပ်ဆောင်ပါ။

နာမည်ကောင်းရှိတဲ့ရောင်းဝယ်သူများနှင့် အရောင်းအဝယ် ပြုလုပ်ပါ​
- Group ထဲ၌ အရောင်းအဝယ် လုပ်လေ့ရှိကြသူများကို ရှာပါ၊
- Discord မှ #report-scammers ချန်နယ် ထဲမှာ ၄င်းတို့ နာမည် ရှာကြည့်ပါ။
- လူသစ်ဖြစ်ပြီး ရောင်းဝယ်ဖူးခြင်း မရှိပါက ပမာဏ အနည်းငယ် အရင်စမ်းကြည့်ပါ။

ခွဲခြမ်းပြီး ရောင်းဝယ်ပါ - ပမာဏအကြီးစား ပမာဏ အသေးစားများအဖြစ် ခွဲခြမ်းကာ လွှဲပြောင်းပါ။ သာဓက အနေနဲ့ MYD တစ်သောင်းကို တစ်ကြိမ်တည်း လွှဲမယ့်အစား MYD ၂၅၀၀စီ တစ်ဖြတ်ချင်းစီ ငွေလွှဲပါ။ အကယ်၍ လိမ်လည်ခံရလျှင်တောင် ဤနည်းအားဖြင့် ဆုံးရှုံးမှုပမာဏ သက်သာသွားနိုင်ပါတယ်။

ဖြစ်နိုင်ရင်တော့ အနည်းငယ် စျေးများခဲ့ရင်တောင် ယခင် အရောင်းအဝယ် လုပ်ဖူးသူနှင့် ရောင်းဝယ်ပါ။


Exchange ၌ ရောင်းဝယ်ခြင်း

လတ်တလော အနေနှင့် ကျွန်ုပ်တို့ဟာ မည်သည့် Crypto exchange တွင်မှ စာရင်းမပါသေး သောကြောင့် exchangeတွင် ရောင်းဝယ်နိုင်ခြင်း ယခု မပြုလုပ်နိုင်သေးပါ။ MYD ဆက်လက်ဖွံဖြိုးနေရင်း ဤသို့ exchangeတွင် ပါဝင်ရန်မှာ ကျွန်ုပ်တိုရဲ့ ပင်မရည်မှန်းချက်ပင်ဖြစ်ပါတယ်။