MYD ဆိုတာ?

လွယ်ကူ လျှင်မြန် အခမဲ့

MYD ဆိုတာဘာလဲ?

MYD ဟာ ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်ပါတယ်။

MYD ဟာ မြန်ဆန်၊ အခမဲ့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်ပါဘူး။ လုံခြုံ၊ ထိရောက်ပြီး အသုံးပြုရ လွယ်ကူတယ်။

ပြောရရင် MYD ဟာ စွမ်းအင်သုံးစွဲမှု အနည်းဆုံး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိဆုံး ဒီဂျစ်တယ်ငွေကြေးတွေထဲက တစ်ခုပါ။

MYD ဟာ ဒီဂျစ်တယ်ငွေကြေးတစ်ခုဆီက ရသင့်တဲ့ ရိုးရှင်း၊ မြန်ဆန်၊ မှန်ကန်တဲ့ အတွေ့အကြုံခံစားမှု ကိုပေးတယ်။

MYDက သင့်ကို ဘယ်လိုကူညီပေးနိုင်မလဲ။

အသုံးပြုသူတစ်ယောက်အနေနဲ့ မိတ်ဆွေဟာ ကြားလူမပါဘဲ၊ ဝန်ဆောင်မှုပေးစရာမလိုဘဲ ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေ၊ မိသားစုတွေဆီ ငွေလွှဲပို့လို့ရတယ်။ ဒါမှမဟုတ် မိမိထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုဟာ ကိုယ်နဲ့ဘယ်လောက်ပဲ ဝေးကွာနေပါစေ ပံ့ပိုးထောက်ပံ့လို့ရတယ်။

လုပ်ငန်းတစ်ခုအနေနဲ့ ဆိုရင်တော့ ကဒ်အတွက် ကုန်ကျစရိတ်တွေ၊ အခြေခံအဆောက်အအုံ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ပြီး မိမိရဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေကို အဆင်ပြေချောမွေ့၊ ရိုးရှင်း၊ မြန်ဆန်တဲ့ ငွေပေးချေမှုကို ဝန်ဆောင်မှုပေးလို့ရပါတယ်။

ဘယ်လောက် ဖြန့်ဝေမှာလဲ?

၁၁၀ ဘီလီယံ MYD ရှိပြီးမြန်မာနိုင်ငံအတွက် စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုကိစ္စရပ်များမရှိပါ။

ဘယ်လိုနားလည်နိုင်မလဲ?

မြန်မာကျပ်ငွေ ကို စစ်တပ်နဲ့ ခရိုနီတွေက ထိန်းချုပ်နိုင်တယ်။ MYD ဟာ ဒီမိုကရေစီကို ကိုယ်စားပြုတဲ့ငွေကြေး ဖြစ်ပါတယ်။

74,683 trillion မြန်မာကျပ်
0 မြန်မာကျပ်
0 MYD
27.5 billion MYD

စစ်တပ်

NUG

မြန်မာကျပ်ငွေရဲ့ စီးပွားရေးတစ်ခုလုံးကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျွန်ုပ်တို့က ၂၇.၅ ဘီလီယံ MYD (၂၅%) ကို National Unity Government ကို ထောက်ပံ့လှူဒါန်းပေးမှာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေ ကို စစ်တပ်က မတရားသဖြင့် ထိန်းချုပ်ပေမယ့် MYD ကို နိုင်ငံသားအားလုံးထံ မျှဝေမှာဖြစ်ပါတယ်။

13,578 သိန်း
2,000 MYD

မြန်မာကျပ်

MYD

အကယ်၍ ကျွန်ုပ်တို့ ကျပ်ငွေအားလုံးကို ထုတ်ယူသုံးစွဲခွင့်ပြုပါက မြန်မာနိုင်ငံသားတိုင်းဟာ ၁၃၅၇၈ သိန်း ရသင့်ပါတယ်။ ထိုပမာဏက ၂၀၀၀ MYD နဲ့ ညီမျှစေမှာဖြစ်ပါတယ် ။

Bitcoin ရဲ့ လုပ်ဆောင်ချက်ဟာ နှေးပြီး MYDရဲ့ လုပ်ဆောင်ချက်က မြန်တယ်။

30 min
0.2s

Bitcoin

MYD

ပျမ်းမျှ Bitcoin ငွေလွှဲငွေလက်ခံက အတည်ပြုရန် မိနစ်၃၀ ကြာပြီး၊ MYD ငွေလွှဲငွေလက်ခံမှုဟာ တစ်စက္ကန့်အောက်ပဲ ကြာမှာဖြစ်ပါတယ်။

Bitcoin မှာ ငွေလွှဲပို့တာ စျေးကြီးတယ်။ MYDက အခမဲ့ ဖြစ်ပါတယ်။

$22
$0

Bitcoin

MYD

Bitcoin ရဲ့ transactions များက ပျမ်းမျှအားဖြင့် ၂၂ ဒေါ်လာကျပြီး MYDကို transactions အတွက် ၀န်ဆောင်ခ ပေးရန်မလိုအပ်ပါ။

Bitcoin ဟာ သဘာပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်။ MYD ဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူး။

1'147'080 Wh
0.112 Wh

Bitcoin

MYD

Bitcoin ဟာ အာဂျင်တီးနားနိုင်ငံ တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားပမာဏလောက် အသုံးပြုပေမယ့် MYD ကတော့ လျှပ်စစ်စွမ်းအင် အနည်းငယ်နဲ့ လည်ပတ်မှာဖြစ်ပါတယ်။

Bitcoin က စွမ်းအင်ကို ဖြုန်းတီးလွန်းပြီး MYD က အနည်းငယ်သာ အသုံးပြုပါတယ်။

1 tx
10'200'000 txs

Bitcoin

MYD

Bitcoin ငွေပေးချေမှု တစ်ခုအတွက် အသုံးပြုတဲ့စွမ်းအင်နဲ့ MYDရဲ့ transactionsပေါင်း ၁၀သန်းကျော် ပြုလုပ်နိုင်မှာပဲဖြစ်တယ်။

Communityရှိလား?

ရှိပါတယ်။ MYDအကြောင်း နှင့် မြန်မာပြည်ဒီမိုကရေစီအကြောင်း ဆွေးနွေးဖို့ FacebookTelegramနဲ့ Discord တို့မှာ လာရောက် ချိတ်ဆက်နိုင်ပါတယ်။

မိတ်ဆွေက ဆော့ဖ်ဝဲရေးသူပဲဖြစ်ဖြစ်၊ ဝါသနာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မေးခွန်း မေးစရာရှိလို့ပဲဖြစ်ဖြစ် လာရောက်မေးမြန်းနိုင်ပါတယ် ဟယ်လိုသာ လုပ်လိုက်ပါ။

အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။

MYD Wallet ကို ထည့်သွင်းပြီး အခမဲ့ MYD ကို ရယူလိုက်ပါ။ ပိုမိုသိရှိလိုပါက MYD Facebook စာမျက်နှာမှာ သွားရောက်လေ့လာပါ။

အကန့်အသတ်မရှိ ထိန်းချုပ်လို့ မလွယ်တဲ့ သင့်ရဲ့ ခြေလှမ်းတွေကို MYDနဲ့ အတူ စတင်လိုက်ပါ။